မိုင်းယန်း ဖေဖော်ဝါရီ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၌ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် တောင်သူအသိပညာပေးလုပ်ငန်းနှင့် စိုက်ပျိုးနည်းပညာပေးဆွေးနွေးပွဲ/သင်တန်း ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မိုင်းလွေကျေးရွာအုပ်စု၊ လောင်ကျန့်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးအတွက် ကျေးရွာနေပြည်သူများအနေဖြင့် စည်းကမ်းထုတ်ပြန်ချက်များကို လိုက်နာဆောင်ရွက်ခြင်းဖြင့် ဝိုင်းဝန်းပူးပေါင်းကူညီကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကျိုင်းတုံခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေးတာဝန်ခံ ဒေါ်ခင်ဌေးရီက ယူးရီးယားဓာတ်မြေဩဇာ စနစ်တကျအသုံးပြုနည်းနှင့် မြေဆီလွှာထိန်းသိမ်းခြင်းနှင့် ပတ်သက်၍ လယ်ယာစိုက်ပျိုးမြေများတွင် ကောက်ရိုးသဘာဝမြေဩဇာ အသုံးပြုနည်းများကိုလည်းကောင်း၊ သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်လဲ့လဲ့ထွန်းမှ သီးနှံအဖြတ်ကြွက် အမျိုးအစားများနှင့် ကာကွယ်ရေးနည်းလမ်းများကိုလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးက တောင်ယာမီးရှို့ခြင်းအစား သဘာဝဓာတ်မြေဩဇာ ပြုလုပ်အသုံးပြုခြင်းဖြင့် မီးခိုးမြူလျှော့ချနိုင်သည့် အကြောင်းအရာများဖြင့် လည်းကောင်း၊ အသီးသီး ရှင်းလင်းပို့ချဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ တောင်သူအသိပညာပေးလုပ်ငန်းနှင့် စိုက်ပျိုးနည်းပညာပေး ဆွေးနွေးပွဲ/ သင်တန်းသို့ တက်ရောက်လာသော တောင်သူများအား ကြွက်အမျိုးမျိုးနှင့် ကာကွယ်နှိမ်နင်း နည်းများဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်နှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးအတွက် စိုက်ပျိုးရေးကဏ္ဍမှ လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းထူး