ကလော ဖေဖော်ဝါရီ ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေဖတ်ရှုခြင်းမှရရှိသည့် ဗဟုသုတကောင်းကျိုးတရားများကို ရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက မြို့နယ်အဆင့်ဌာနဆိုင်ရာများထံ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများက မိမိရုံးသို့မလာရောက်နိုင်သော ဌာနဆိုင်ရာဝန်ထမ်းများအတွက် ရုံးစာကြည့်တိုက်ရှိ သုတ/ရသစာအုပ်များကို အမျိုးအစားစုံလင်စွာဖြင့် ကလောမြို့နယ် သမဝါယမဦးစီးဌာနနှင့် မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနသို့ ကွင်းဆင်းသွားရောက်၍ ဝန်ထမ်းများနှင့် မိသားစုဝင်များအတွက် လက်ဝယ်အရောက် အခမဲ့ငှားရမ်းပေးခဲ့ပြီး ငှားရမ်းပေးသည့် စာအုပ်စာစောင်များအား တစ်ပတ်တစ်ကြိမ် အသစ်လဲလှယ်ပေးခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)