ရန်ကင်း မတ် ၁၉
ရန်ကုန်တိုင်းဒေသကြီး ၊ သင်္ဃန်းကျွန်းခရိုင် ၊ ရန်ကင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူးဦးထိန်လင်းဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်များဖြင့် အခြေခံပညာကျောင်းများသို့ ယနေ့နံနက်(၁၀)နာရီအချိန်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရန်ကင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးထိန်လင်း ဦးဆောင်၍ မီးသတ်တပ်ဖွဲ့များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ရန်ကင်းမြို့နယ်အတွင်းရှိအ.လ.က(၅)၊ အ.ထ.က(၁)၊ လေ့ကျင့်ရေးအလယ်တန်းကျောင်း၊ အ.လ.က(၁)ကျောင်းများသို့ သွားရောက်၍ ကျောင်းအုပ်ဆရာမကြီးများနှင့်တွေ့ဆုံကာ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိမှုများအား စစ်ဆေးခဲ့ပြီးလိုအပ်သည်များ အကြံပြုပေးပြောကြားခဲ့ကြောင်း သိရသည်။
လှလှထွေး (ပြန်/ဆက်)