မြစ်သားမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆောင်သီးနှံနေကြာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (ပြည်ထောင်စု) သွင်းအားစုပေးအပ်ပွဲအခမ်းအနားကျင်းပ

မြစ်သား ဖေဖော်ဝါရီ ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမတွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆောင်းသီးနှံနေကြာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (ပြည်ထောင်စု) သွင်းအားစုပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမင်းနိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ဆောင်းသီးနှံအပြင် ဆီထွက်သီးနှံဖြစ်သော မြေပဲ၊ မတ်ပဲ၊ ပဲတီစိမ်း၊ နေကြာ သီးနှံများတိုးချဲ့စိုက်ပျိုးရေးနှင့် အထွက်ကောင်းမျိုးများ ပြောင်းလဲစိုက်ပျိုးစေရေးပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးခင်မောင်ဦးက စီမံကိန်းလုပ်ငန်းကိုစုဖွဲ့စနစ်ဖြင့် ဆောင်ရွက်တတ်စေရန်၊ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ မိသားစုဝင်ငွေများတိုးပွားစေရန်၊ အလုပ်အကိုင်အခွင့်လမ်းများတိုးပွားစေရန်၊ ဒေသထွက်ကုန်များကို အခြေခံပြီးစီးပွားရေးလုပ်ငန်းများလည်ပတ်စေရန်၊ စီးပွားရေးငွေအရင်းအမြစ် စဥ်ဆက်မပြတ် ရရှိ‌စေရန်ဒေသအတွင်းစားနပ်ရိပ်က္ခာဖူလုံစေရေးအတွက် ဆီထွက်သီးနှံနေကြာစိုက်ပျိုး ရေးသွင်းအားစုများ အသီးသီးပေးအပ်ခဲ့‌ကြောင်းသိရသည်။ ထို့နောက် ဒေသခံတောင်သူများကိုယ်စား တောင်သူတစ်ဦးကကျေး ဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးမင်းနိုင်က ၂၀၂၄-၂၀၂၅ ခုနှစ်‌၊ ဆောင်းသီးနှံနေကြာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (ပြည်ထောင်စု) သွင်းအားစုပေးအပ်ခြင်းနှင့်ပတ်သက်၍ နိဂုံးချုပ်အမှာစကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)