သန်လျင်မြို့ရှိ ဌာနဆိုင်ရာရုံးများ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး

သန်လျင် ဖေဖော်ဝါရီ ၁၉

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ မီးဘေးအန္တရယ်ကြိုတင်ကာကွယ်နှိင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့ညနေပိုင်းက အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ယင်းသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန သန်လျင်မြို့နယ်ဦးစီးမှူးရုံးတွင် မီးသတ်ဆေးဘူးများထားရှိမှု၊ မီးချိတ်၊ မီးကပ်၊ ရေ၊ သဲပြင်ဆင်ထားမှုများကို မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိဦးဇော်မျိုးဝင်းနှင့်တပ်ဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးကြရာ မြို့နယ်လဝကဦးစီးမှူး ဦးကိုကိုလွင်နှင့်ဝန်ထမ်းများက လိုက်လံရှင်းလင်းပြသကြသည်။

ထို့နောက် ဝန်ထမ်းများအား လက်တွေ့မီးငြှိမ်းသတ်ပုံနှင့် မီးသတ်ဆေးဘူးကိုင်တွယ် အသုံးပြုပုံများကို မီးသတ်တပ်ဖွဲ့ဝင်များက လက်တွေ့ပြသပေးခဲ့ကြပြီး သန်လျင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံး မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုအား စစ်ဆေးခဲ့ကြောင်းသိရသည်။

လှကျော်( ပြန်/ဆက်)