လသာမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စာဖတ်ဝိုင်းကျင်းပ

လသာ ​​ဖေ​​ဖော်ဝါရီ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)၌ (Book Club)စာပေချစ်မြတ်နိုးသူများစာဖတ်ဝိုင်းကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲတွင် အမိ​​မြေသစ္စာသတင်းစုံဂျာနယ်အယ်ဒီတာချုပ်ဦးသူရ​ဇော်က အဖွင့်အမှာစကား​ပြောကြားပြီး စာ​ရေးဆရာမတင့်တယ်ခင်ကမုဒိတာစကား​ပြောကြားခဲ့သည်။ ထို့​နောက် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ ဦးစီးအရာရှိ​ဒေါ်နန်းသဲနု​အောင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်နှင့်စာပေဖတ်ရှုခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများတို့ကို ရှင်းလင်းဆွေးနွေး​​ပြောကြားခဲ့ပြီး စာရေးဆရာမခိုင်လွမ်း​ဝေ(​ကန္ဒရဝတီ)​​က ၎င်းရေးသားသည့်  “​ရွှေမှန်ကင်းလည်းထင်းဖြစ်ခဲ့" ဝတ္ထုတိုကို ဖတ်ကြား​ဆွေးနွေးခဲ့ရာ Book Club အဖွဲ့ဝင်များကပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

 လသာမြို့နယ် လူထုအခြေပြုဗဟိုဌာနမှ ပြည်သူများအသိပညာဗဟုသုတများ တိုးပွားလာစေရန်အတွက် ဌာနဆိုင်ရာများ၊ Book Club စာပေချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းနှင့်အသိပညာပေးဆွေးနွေးပွဲများ၊ စာအုပ်စာ​စောင်ပြပွဲ၊ နံရံကပ်စာ​စောင်ပြပွဲများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နန်းသဲနု​အောင်