တံတားမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ဒုတိယအကြိမ် KG ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေးခြင်း ဆောင်ရွက်

တံတား ဖေဖော်ဝါရီ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဒုတိယအကြိမ် KG ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေးခြင်းလုပ်ငန်းကို ကျန်းမာရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ တံတားမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ နေ့လယ်(၁၂)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ထိုသို့ အာဟာရကျွေးမွေးခြင်းကို တံတားမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှအဖွဲ့ဝင်များနှင့် အမျိုးသမီးရေးရာများက ကျောင်းသား၊ ကျောင်းသူများ အားလုံးကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝရန်နှင့်ကျန်းမာရေးနှင့်ညီညွတ်သော အမူအကျင့်များစွဲမြဲကျင့်သုံးတတ်စေရေးအတွက် ပညာရေးနှင့်ကျန်းမာရေးအပါအဝင် ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်တက်စေရန်၊ မူလတန်းကျောင်းသား၊ ကျောင်းသူများ၏ ကြီးထွားဖွံ့ဖြိုးကျန်းမာမှုနှင့် ပညာရေးတိုးတက်မှုများအတွက် ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့မိသားစုများ၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်ပုံစံများ မြှင့်တင်စေရန် ရည်ရွယ်၍ ကျွေးမွေးရခြင်းဖြစ်ကြောင်းသိရသည်။

ပန်ဆုပြည့်(ပြန်/ဆက်)