ကျောက်တန်း ဖေဖော်၀ါရီ ၁၉
သန်လျင်ခရိုင် ၊ ကျောက်တန်းမြို့နယ် ၊ မီးဘေးအန္တရာယ်လုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေး၍ အသိပညာပေးဆောင်ရွက်ခြင်းကို ယမန်နေ့ ၁၂ နာရီအချိန်က ကျောက်တန်းမြို့နယ်အတွင်းရှိ ရုံး/ဌာနများဖြစ်သော လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးအား မီးဘေးလုံခြုံရေးအတွက် ဦးစီးအရာရှိဦးအောင်ကျော်ဝင်းဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့၀င်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာ၀န်ရှိသူများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ရာ လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဇော်နိုင်မှဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် ဆောင်ရွက်ထားရှိမှုများအား လိုက်လံစစ်ဆေးခဲ့ရာ စာရွက်စာတမ်းများအား စနစ်တကျထားရှိရန်၊ လျှပ်စစ်မီးကြိုးများအား စနစ်တကျသွယ်တန်းထားရှိရန် အားနည်းချက်များအား အမြန်ပြုပြင်လိုက်နာဆောင်ရွက်ရန်မှာကြားပြီး စနစ်တကျ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိသည်။
နေလင်းကျော် (ပြန်ဆက်)