ခရမ်းမြို့နယ်တွင် အခမ်းနားမှူးသင်တန်းဖွင့်လှစ်

ခရမ်း ဖေဖော်ဝါရီ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ အခမ်းအနားမှူးသင်တန်းကို ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သင်ကြားခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဒေါ်ခင်ထက်ထက်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက သင်တန်းနည်းပြဆရာမအဖြစ် စာတွေ့၊ လက်တွေ့သင်ကြားပေးမည်ဖြစ်ပြီး အဆိုပါသင်တန်း အား (၁၇-၂-၂၀၂၅) မှ (၂၀-၂-၂၀၂၅) ထိ (၄) ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ရာ သင်တန်းသူ (၁၂) ဦး တက်ရောက်သင်ကြားကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)