ခရမ်းမြို့နယ်ရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ခရမ်း ဖေဖော်ဝါရီ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး‌ရေးဝန်ကြီး ဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသော ခရမ်း-တီတွတ် ဆက်သွယ်ရေး ကျောက်‌ချောခင်းခြင်းနှင့် ခရမ်း-ရေကျော် လမ်းမကြီးမှ ရေကျော်ကျေးရွာအဝင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်) မှ စစ်ဆေးရေးအရာရှိချုပ် ဦးရဲခေါင်ထွန်းက ယမန်နေ့နံနက် ၁၁ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်အေးမြတ်မွန်၊ အရည်အသွေးထိန်းသိမ်းရေးအဖွဲ့မှ လက်ထောက်ညွန်ကြားရေးမှူး ဦးမောင်မောင်မိုးဝင်းနှင့်ဖွဲ့၊ ဦးစီးအရာရှိ (မြို့ပြ) ဒေါ်အိအိထွေးနှင့် တင်ဒါအောင်မြင်သည့် ဇော်ဧကရာဇ်ကုမ္မဏီမှ တာဝန်ရှိသူများက ရှင်းလင်းပြသခဲ့သည်။

အဆိုပါ ခရမ်း-တီတွတ် ဆက်သွယ်ရေး ကျောက်ချောခင်းခြင်းလုပ်ငန်းသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံး၊ ငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်သောလုပ်ငန်းဖြစ်ပြီး လုပ်ငန်းအားအချိန်မီပြီးစီးစေရေးနှင့် အရည်အသွေးပြည့်မီစွာဖြင့် စနစ်တကျဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)