ဒဂုံမြောက် ဖေဖော်ဝါရီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်၍ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးနိုင်စေရန်၊ လျှပ်စစ်ကြောင့် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ အမှတ် (၃၇) ရပ်ကွက်၊ ပင်လုံလမ်းနှင့် စုပေါင်းရုံးလမ်းရှိ ရုံး၊ ဌာနများဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတို့တွင် မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှုများအား လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး၊ ဦးစီးအရာရှိ ဦးတင်ထွန်းအောင် ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၅) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၃) ဦးဖြင့် မီးဘေးအန္တရာယ်ကင်းဝေးစေရေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြင့်မြင့်ရီ(ဒဂုံမြောက်)