လူငယ်သင်တန်းကျောင်း(မန္တလေး)တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲပြုလုပ်

အောင်မြေသာစံ ဖေဖော်ဝါရီ ၁၈

မန္တလေး၊ အောင်မြေသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူး‌ပေါင်း၍ ကျင်းပပြုလုပ်သော လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ ၁၂ လမ်း၊ ၇၃ လမ်းထောင့်၊ မန္တလေးလူငယ်သင်တန်းကျောင်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲသို့ မန္တလေးလူငယ်သင်တန်းကျောင်း ကျောင်းအုပ်ကြီးလက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇင်ထွန်း၊ ဦးစီးအရာရှိ ဒေါ်ပြုံးပြုံးကြည်နှင့်ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမျိုးမြင့်အောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိဒေါ် စန်းစန်းအေးနှင့် လူငယ်သင်တန်းကျောင်းမှ ကျောင်းသားများ စုစုပေါင်း ၁၀၀ ဦးခန့် တက်ရောက်ကြသည်။

အခမ်းအနားတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်စန်းစန်းအေးက လူငယ်နှင့်အားကစားအကြောင်းကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ‌ ဒေါ်စံပါယ်က လူငယ်နှင့်ဗလငါးတန်ဖွံ့ဖြိုးရေး အကြောင်းကိုလည်းကောင်း အသီးသီး အသိပညာပေးဟောပြောကြပြီး၊ ကျောင်းအုပ်ဆရာကြီး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇင်ထွန်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

အခမ်းအနား မ'စတင်မီနှင့် အခမ်းအနားအပြီးတွင် လူငယ်သင်တန်းကျာင်းမှ ကျောင်းသားလေးများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် နံရံကပ်စာစာင်များကို စိတ်ဝင်တစားလေ့လာကြည့်ရှုကြကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)