ဒဂုံမြို့နယ် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းတွင်း အာဟာရကျွေးမွေးခြင်း ဆောင်ရွက်

ဒဂုံ ဖေဖော်ဝါရီ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်း၊ ပတ္တမြားခန်းမတွင်၊ Grade-1 ကျောင်းသား၊ ကျောင်းသူ(၄၇)ဦးကို ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါကျောင်းတွင် အဟာရကျွေးမွေးခြင်းသည် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံကျောင်းများရှိ Grade-1 ကျောင်းသား၊ ကျောင်းသူများကို လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ပြီး၊ ကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်၍ ထမင်း၊ ကြက်သား၊ အသီးအရွက်ကြော်၊ ပဲဟင်းချို၊ မြေပဲများဖြင့် အာဟာရစုံလင်စွာနှင့် သန်ရှင်းမှုရှိစေရန် ကျောင်းတွင် ကိုယ်တိုင်ချက်ပြုတ်ကျွေးမွေးခြင်းဖြစ်ကြောင်း အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ ဒေါ်ဥမ္မာထွေးထံမှ သိရသည်။

ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို မြို့နယ်ပညာရေးမှူး ဒေါ်ဝါဝါဦး၏ ဦးဆောင်မှုဖြင့် ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ ဒေါ်ဥမ္မာထွေးမှ စီစဉ်ကြီးကြပ်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ၀င်(၂)ဦးမြင့်အေး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မိဘဆရာအသင်း ကျောင်းအကျိုးတော်ဆောင်နှင့် ကျောင်းသား၊ ကျောင်းသူမိဘများ(၇၀)ဦးခန့် ပူးပေါင်းပါ၀င်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

လဲ့လဲ့ (ပြန်/ဆက်)