တွံတေး ဖေဖော်ဝါရီဝါရီ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ မြို့နယ်ကျောင်းကျန်းမာရေးကော်မတီ၏ စီမံမှုဖြင့် KG (တတိယ) အကြိမ်နှင့် Grade-1 (ပထမ) အကြိမ် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်း နေ့လယ်စာအာဟာရကျွေးမွေးခြင်းကို ယနေ့နံနက်ပိုင်းက ကျွန်းတောရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျောင်းတွင်း အာဟာရကျွေးမွေးရာတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မျိုးဇော်လှ၊ မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်ခင်မြချိုနှင့် မြို့နယ်ကျောင်းကျန်းမာရေးကော်မတီဝင်များ၊ တာဝန်ရှိသူများက နေ့လယ်စာအာဟာရကျွေးမွေးရေး စနစ်တကျ စီမံချက်ပြုတ်နေမှုတို့အား ကြည့်ရှုစစ်ဆေးပေးကာ KG တတိယအကြိမ်နှင့် Grade-1 ပထမအကြိမ် ကျောင်းသား၊ ကျောင်းသူတို့အား အသားဓာတ်၊ ကစီဓာတ်၊ အဆီဓာတ်၊ ဗီတာမင်ဓာတ်၊ သတ္တုဓာတ်၊ ရေ ဓာတ်စသည့် အာဟာရဓာတ်များ ပြည့်စုံကြွယ်ဝသည့် နေ့လယ်စာအဟာရတို့ကို စနစ်တကျကျွေးမွေးခဲ့ကြသည်။
အဆိုပါ ကျောင်းတွင်းနေ့လယ်စာ အာဟာရကျွေးမွေးခြင်းကို တွံတေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးတို့၌ တစ်ပြိုင်နက်တည်း ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
တွံတေးသား