မြစ်ကြီးနား ဖေဖော်ဝါရီ ၁၇
ကချင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ စာရေးဆရာအကြီးကိုကို(ကသာ)က မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများနှင့် ဘာသာရေးအသင်းအဖွဲ့များရှိ စာကြည့်တိုက်များအတွက် ငွေကျပ်တန်ဖိုး သိန်း(၄၀) ရှိ သုတရသစာအုပ် စာစောင်များကို ယမန့်နေ့က သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၏ စာကြည့်တိုက် (၆)ခုတွင်လည်းကောင်း၊ ဘာသာရေးအသင်းအဖွဲ့ စာကြည့်တိုက် (၃)ခုတွင်လည်းကောင်း၊ မြစ်ကြီးနားတက္ကသိုလ် မြန်မာစာဌာနစာကြည့်တိုက်တွင်လည်းကောင်း၊ အခြေခံပညာကျောင်းစာကြည့်တိုက် (၂)ခုတွင်လည်းကောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း စာကြည့်တိုက် (၄) ခုတွင်လည်းကောင်း စုစုပေါင်းစာကြည့်တိုက် (၁၆)တိုက်တို့တွင် ငွေကျပ်တန်းဖိုး သိန်း(၄၀) ရှိ သုတရသ စာအုပ်စာစောင်များ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း စာရေးဆရာ အကြီးကိုကို (ကသာ) ထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)