လဲချားမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနား ကျင်းပ

လဲချား ဖေဖော်ဝါရီ ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲ (၂) နာရီက လဲချားမြို့ ကမ္မဌာန်ကျောင်း၌ ပေးအပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် အကြမ်းဖက်ဖြစ်စဉ်များကြောင့် မြို့နယ်သို့ ယာယီနေရပ်စွန့်ခွာရောက်ရှိနေထိုင်သည့် ပြည်သူတစ်ဦးလျှင် နှစ်သောင်းကျပ်ဖြင့် စုစုပေါင်းပြည်သူ (၁၂၁၈) ဦးအတွက် နိုင်ငံတော်မှ ထောက်ပံ့သည့်ငွေကျပ် (၄၁၆၀၀၀၀) မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက သက်ဆိုင်ရာပြည်သူ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများထံများထံ ထပ်ဆင့်လွှဲပြောင်းပေးအပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ ယာယီနေရပ်စွန့်ခွာပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။