ကိုကိုးကျွန်း ဖေဖော်ဝါရီ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့်စာစစ်ဌာနအား မီးဘေးအန္တရာယ်ကင်းဝေးစေရေး လိုက်လံစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနမဖြစ်သည့် အ.ထ.က ကိုကိုးကျွန်းကျောင်းဝင်းအတွင်း၊ မီးလန့်မှု၊ မီးလောင်မှုများ မဖြစ်ပေါ်စေရန် မြို့နယ်ဒုမီးသတ်ဦးစီးမှူး ဦးအောင်နေလင်း ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့အပြင် မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မြို့ပေါ်ရပ်ကွက်များရှိ နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေးဘူးများထားရှိရန်၊ ဖယောင်းတိုင်မီး၊ ခြင်ဆေးမီး၊ မီးဖိုမီးများအား အသုံးပြုပြီးပါက စနစ်တကျ ငြိမ်းသတ်ပြီးမှ အိပ်ကြပါရန်၊ လျှပ်စစ်မီးအား သတိထားကိုင်တွယ်ကြရန်၊ တရားမဝင်လောင်စာဆီများ သိုလှောင်ခြင်း၊ ရောင်းချခြင်းများ မပြုလုပ်ရန်၊ လမ်းသွားရင်း ဆေးလိပ်သောက်သုံးခြင်း မပြုလုပ်ရန်၊ မိမိတို့နေအိမ်ပတ်ဝန်းကျင်ရှိ ရေအိုး၊ ရေစည်များကို ရေဖြည့်ထားရှိရန်နှင့် အမှိုက်များ မီးရိူ့လိုပါကလည်း မြို့နယ်မီးသတ်ဦးစီးဌာနထံသို့ သတင်းပေးပို့ဆောင်ရွက်သွားရန် မီးသတ်ကားဖြင့် လှည့်လည်ကာ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွင်လျက်ရှိကြောင်း သိရသည်။
ကိုကိုးကျွန်း (ပြန်/ဆက်)