ညောင်ဦး ဖေဖော်ဝါရီ ၁၇
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ညောင်ဦးခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဒစ်ဂျစ်တယ်ဈေးကွက်ဖွံ့ဖြိုးရေး ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို ညောင်ဦးခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
ဒစ်ဂျစ်တယ်ဈေးကွက်ဖွံ့ဖြိုးရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲတွင် ညောင်ဦးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သီတာထွန်းက အဖွင့်အမှာစကားပြောကြားပြီး Digital Marketing နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြောကြားပြီး၊ စာသုံးသူ ရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန်းစိုးက အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းအကြောင်း သိကောင်းစရာနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြား သည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးအရာရှိ ဦးတင်မျိုးခိုင်က ကုန်အညွှန်းအမှတ်အသားဆိုင်ရာသိကောင်းစရာတို့အား ရှင်းလင်းဆွေးနွေးပြောကြားသည်။ ပြီးနောက် တက်ရောက်လာသည့် ယွန်းလုပ်ငန်းရှင်များ၊ ပုန်းရည်ကြီးလုပ်ငန်းရှင်များ၊ အထည်ချုပ်လုပ်ငန်းရှင်များနှင့် ပဲကြော်ဖို၊ ထန်းလျှက်လုပ်ငန်းပိုင်ရှင်များကဆွေးနွေးပြောကြားရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းပြဆွေးနွေးခဲ့ကြောင်းသိရသည်။
ဒီပါလင်း