နေပြည်တော် ဖေဖော်ဝါရီ ၁၇
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၂၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အမှတ် (၂၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စမ်းစမ်းမော်က အဖွင့်အမှာစကားပြောကြားပြီး ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်က ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အသိပညာဗဟုသုတနှင့်ပြည့်စုံ၍ ထူးချွန်ထက်မြက်သည့် လူရည်မွန်လေးများဖြစ်ပေါ်လာစေရန်၊ စာအုပ်စာပေများမှရရှိသည့် အသိပညာဗဟုသုတများကို အကျိုးရှိစွာအသုံးချတက်စေရန်နှင့် ပြန်လည်မျှဝေဆွေးနွေးအသုံးချတတ်စေရန်၊ စာပေစွမ်းအားဖြင့် နိုင်ငံ့အကျိုး၊ အများပြည်သူအကျိုးကို တိုးတက်အောင်ဆောင်ရွက်နိုင်စေရန် အသိပညာပေးဟောပြောခဲ့သည်။
ယင်းနောက် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာနမှ ခင်းကျင်းပြသထားသည့် လူငယ်ရေးရာအသိပညာပေး နံရံကပ်ပြဘုတ်များ၊ ဗလငါးတန်ဖွံဖြိုးစေရေး နံရံကပ်ပြဘုတ်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အောင်သူရဦး(ပြန်/ဆက်)