ကော့မှူး ဖေဖော်ဝါရီ ၁၇
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Others ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းဌေးကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ဆေးလာရောက်ထိုးနှံသော ဌာနဆိုင်ရာဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ခြင်း၊ စာရင်းအချက်အလက် ကောက်ယူခြင်းများဆောင်ရွက်ပြီး ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး Others ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)