မဲခေါင်-လန်ချန်း စီမံကိန်းဖြင့် “ ကြံသီးနှံနည်းပညာပေးသင်တန်း (Hybrid)” ဖွင့်ပွဲပြုလုပ်

နေပြည်တော် ဖေဖော်ဝါရီ ၁၇

စိုက်ပျိုးရေးဦးစီးဌာန၊ သကြားထွက်သီးနှံဌာနခွဲမှ မဲခေါင်လန်ချန်းပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၂)စီမံကိန်းဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် တရုတ်ပြည်သူသမ္မတနိုင်ငံ၊ တက်ဟုန်းပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်သော “ကြံသီးနှံနည်းပညာပေးသင်တန်း(Hybrid)”ကို နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် ဟိုတယ်ဇုံရှိ Man Myanmar Hotel (မန်းမြန်မာဟိုတယ်)တွင် ယနေ့နံနက် ၈နာရီ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာရဲတင့်ထွန်းမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် တက်ဟုန်းပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဌာနမှူးမှနှုတ်ခွန်းဆက်စကားနှင့် တက်ဟုန်းပြည်နယ်ခွဲကုန်သည်ကြီးများ အသင်း(နေပြည်တော်ရုံးခွဲ) တာဝန်ခံမှပူးပေါင်းကူညီဆောင်ရွက်ပေးမှုတို့နှင့်ပတ်သက်၍ ပြောကြားခဲ့သည်။

ဆက်လက်၍ တက်ဟုန်းပြည်နယ်မှ ကြံသီးနှံပညာရှင်များက နည်းပညာပေးခြင်းများဆက်လက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ သင်တန်းဖွင့်ပွဲသို့ In Person နှင့် Online တို့ဖြင့် စုစုပေါင်း ၇၅ဦး တက်ရောက်ခဲ့ကြသည်။

မျိုးသီဟ(ပြန်/ဆက်)