သာစည် ဖေဖော်ဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ ရာဂီမုန်တိုင်းကြောင့်ပျက်စီးခဲ့သည့် မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ တာချီလိတ်သွားလမ်း ပြုပြင်ဆောင်ရွက်နေမှုများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးသည် မိတ္ထီလာခရိုင်လမ်းဦးစီးဌာနနှင့် သာစည်မြို့နယ်လမ်းဦးစီးဌာနတို့မှ တာဝန်ရှိသူများလိုက်ပါပြီး ယမန်နေ့နံနက်က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင် ဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်းတစ်လျှောက် လမ်းပြုပြင်ဆောင်ရွက်နေမှု၊ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် မိုင်၄၇/၁ နှင့် ၄၇/၃ အတွင်းလမ်းတာဘောင် ပျက်စီးနေမှုများအား Gabion Box ဖြင့် မြေထိန်းနံရံတည်ဆောက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး တောင်ပေါ်ဒေသလမ်း ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်(B.O.T)မှ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)