ဥတ္တရသီရိ ဖေဖော်ဝါရီ ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများအား တိုင်းရင်းဆေးပညာဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက တောင်ညိုကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ နေပြည်တော်ကုတင် (၁၀၀) ဆံ့တိုင်းရင်းဆေးရုံကြီးမှ အကြီးတန်းတိုင်းရင်းဆေးမှူး ဦးစောမြတ်ဘုန်းကြွယ် ဦးစီးသောအဖွဲ့မှ အကြောအရိုးအဆစ်ရောဂါ၊ လေငန်းရောဂါ၊ ကလေးသူငယ်နာရောဂါ၊ မီးယပ်ရောဂါ၊ အနာပေါက် ရောဂါနှင့် အထွေထွေရောဂါများကို တောင်ညိုကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူ (၁၀၄) ဦးအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သောဆေးဝါးများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)