ဥတ္တရသီရိမြို့နယ်၌ အခြေခံပညာအထက်တန်းကျောင်းများတွင် စာမေးပွဲဖြေဆိုမည့်ကာလများအတွင်း စာသင်ကျောင်းများ မီးလောင်၊ မီးလန့်မှုမဖြစ်ပွားစေရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ဥတ္တရသီရိ ဖေဖော်ဝါရီ ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်၌   အခြေခံပညာအထက်တန်း ကျောင်းများတွင် စာမေးပွဲဖြေဆိုမည့် ကာလများအတွင်း မီးလောင်၊ မီးလန့်မှု မဖြစ်ပွားစေရေးနှင့် မီးဘေးလုံခြုံရေးအတွက်  ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမင်းမင်းဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက သရက်တောကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း၊ မင်းကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းနှင့်ငန်းစပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတို့တွင် ကျောင်းပတ်ဝန်ကျင်တွင်  အမှိုက်ခြောက်များမရှိစေရေး၊ မီးသတ်ဆေးဘူးများ အသင့်ပြင်ဆင်ထားရှိစေရေး၊ ကျောင်းဝင်းအတွင်းရှိ အုတ်ရေကန်များ ရေဖြည့်တင်းထားရှိစေရေး၊ စာသင်ဆောင်များတွင် သွယ်တန်းထားရှိသည့် လျှပ်စစ်မီးကြိုးများ ဟောင်းနွမ်းပေါက်ပြဲမှုမရှိစေရေး လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)