ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် နွေဦးရာသီကာလ လေပွေလေရူးများ တိုက်ခတ်စပြုလာ ပြီဖြစ်၍ မြို့ပေါ်ရှိ လူနေရပ်ကွက်များတွင် မီးလောင်မှု/ မီးလန့်မှုမဖြစ်ပွားစေရေးနှင့် မီးပေါ့စစွာအသုံးမပြုရေးတို့အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ လှည့်လည်ဆော်ဩ အသိပေးလျက်ရှိရာ ယနေ့ ညနေ (၃)နာရီမှစတင်၍ ရပ်ကွက်များအတွင်း လှည့်လည်ဆော်ဩ အသိပေးခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းမြင့်၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဒုတိယဦးစီးမှူး နိုင်လင်းထွန်း ဦးဆောင်သည့် သန္ဓေတပ်ဖွဲ့ဝင်(၅)ဦး၊ အရန်မီးသတ်(၃)ဦးတို့ဖြင့် ဘူတာ ရပ်ကွက်၊ စံပြရပ်ကွက်နှင့် ဈေးကွက်သစ်ရပ်ကွက် အစရှိသည်တို့တွင် မီးပေါ့ဆစွာ အသုံးမပြုကြရန်၊ လမ်းသွားရင်းဆေးလိပ်မသောက်ရန်၊ အိမ်တိုင်း အိမ်တိုင်းတွင် မီးချိတ်၊ မီးကတ်၊ သဲ၊ ရေ၊ လှေကား အစရှိသည့် မီးဘေးလုံခြုံရေး ပစ္စည်းများ မဖြစ်မနေထားရှိကြရန်နှင့် ထင်းမီးသုံးစွဲသူများအနေဖြင့် ထမင်း၊ ဟင်းချက်ပြုတ်သည့် မီးကျွင်းမီးကျန်များကို မမေ့မလျော့ငြှိမ်းသတ်ပြီးမှ အိပ်စက်အနားယူကြရန်တို့ကို လှည့်လည်ဆော်ဩ အသိပေးကြေညာခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)