သာစည် ဖေဖော်ဝါရီ ၁၆
လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေးအတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုး၊ လမ်းပမ်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးတို့သည် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူး တေဇာမြင့်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများလိုက်ပါပြီး သာစည်မြို့နယ် မိတ္ထီလာ-တောင်ကြီးကားလမ်း ကျွဲတပ်ဆုံကျေးရွာ X-Ray စစ်ဆေးရေးဂိတ်၌ X-Ray စက်ထပ်မံချထားမည့်နေရာ၊ အတက်လမ်းအသစ် ထပ်မံတိုးချဲ့ဖောက်လုပ်မည့်နေရာနှင့် ဝန်ထမ်း အိမ်ရာ ထပ်မံတိုးချဲ့မည့်နေရာတို့အား ယမန်နေ့ နံနက်က သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့သွားရောက်ကြည့်ရှုရာ မူးယစ်တားဆီးနှိမ်နှင်းရေးတပ်ဖွဲ့မှူး ယာယီရဲမှူးချုပ်သန့်လွင်မောင်က လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများနှင့်ပတ်သက်၍ တင်ပြရာ ဝန်ကြီးများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)