ပျော်ဘွယ်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပ

ပျော်ဘွယ် ဖေဖော်ဝါရီ ၁၆

ပျော်ဘွယ်မြို့နယ်တွင် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းပဒေများအကြောင်း အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီလ (၁၅) ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပင်းတားကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ  မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မျိုးက ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများကို ကျယ်ပြန့်စွာ သိရှိရန်လိုအပ်ခြင်းကြောင့် ယခုလိုရှင်းလင်းဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ပါ‌ကြောင်း၊ တက်ရောက်လာသည့် မိဘပြည်သူများအနေဖြင့် မိမိနေရပ်သို့ ပြန်လည်ရောက်ရှိပါက ထပ်ဆင့်ရှင်းလင်းဆွေးနွေး နိုင်ရေးတို့ကိုလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးအောင်ကျော်စိုးမိုးက ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ပြည်သူမျာက ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ မြို့နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း၊ အလားတူ ကျီနီကျေးရွာအုပ်စုတွင်လည်း အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)