မြင်းခြံ ဖေဖော်ဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ မီးဘေးအန္တရာယ်ကင်းရှင်းစေရေး အသိပညာပေးဟောပြောခြင်းနှင့် မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြခြင်းကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက်(၉) နာရီ အချိန်မှစတင်၍ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြသခြင်းနှင့် အသိပညာပေး ဟောပြောခြင်းကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကိုသန့်က ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်သက်လှိုင်၏ လမ်းညွှန်ချက်များနှင့်အညီ အမှတ်(၁)၊ အမှတ် (၃)၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်/ ဆောင်ရန်များ စာတွေ့/လက်တွေ့ပါ ရှင်းလင်းပြောကြားခဲ့ပြီး မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်း သတ်နည်းကို ရှင်းလင်းပြသပေးခဲ့သည်။
မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အခြေခံပညာအထက်တန်းကျောင်းများရှိ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းတာဝန်ရှိသူများအား မီးသတ်ဆေးဘူးဖြင့် လက်တွေ့သရုပ်ပြ ငြိမ်းသတ်စေခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)