ထန်းတပင် ဖေဖော်ဝါရီ ၁၅
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ဦးစီးမှူးရုံးမှဝန်ထမ်းများကပန်းခင်းစီမံချက် အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းများ မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ အုပ်စုများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင် တက်သစ်ကျေးရွာ၊ အုပ်ချုပ်ရေးမှူးရုံးတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင်ထန်းတပင်မြို့နယ်ရုံးဝန်ထမ်းများက တက်သစ်ကျေးရွာအတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသည့် ကျေးရွာနေပြည်သူများအား လိုအပ်သောသက်သေခံအထောက်အထားများနှင့် စာရွက်စာတမ်းများ စိစစ် ၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် ရွေ့ပြောင်းနေထိုင်သူများကိုလည်း ကော်မတီဖြင့်စိစစ်၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ထုတ်ပေးလျက်ရှိကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)