ဘီးလင်းမြို့နယ်၌ (၂၀၂၄-၂၀၂၅) ပညာသင်နှစ် ကျောင်းကျန်းမာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင်ခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်းဖွင့်လှစ်

ဘီးလင်း ဖေဖော်ဝါရီ ၁၄

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ (၂၀၂၄-၂၀၂၅) ပညာသင်နှစ် ကျောင်းကျန်းမာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင်ခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ဘီးလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင် ဘီးလင်းမြို့နယ် ကုသရေးဦးစီးဌာနမှူး ဒေါ်တာမျိုးမင်းက အဖွင့်အမှာစကားပြောကြားပြီး ဘီးလင်းမြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအိအိကျော်က ၂၀၂၄-၂၀၂၅ တွင် ပညာသင်နှစ်တွင် ဆောင်ရွက်ခဲ့သော ကျောင်းကျန်းမာရေးလုပ်ငန်းများအား ပြန်လည်သုံးသပ်ဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ပြီး ကျောင်းကျန်းမာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးအတွက် အားဖြည့်ဆောင်ရွက်ရမည့်လုပ်ငန်းများကို ထပ်ဆင့်ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် သင်တန်းသို့တက်ရောက်လာသူများက ကျောင်းကျန်းမာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးအတွက် အုပ်စုဖွဲ့ဆွေးနွေးခြင်း၊ အုပ်စုဖွဲ့ဆွေးနွေးခြင်းများကို ပြန်လည်တင်ပြခြင်း၊ ရှေ့လုပ်ငန်းစဥ်များ ချမှတ်နိုင်ရေးတို့ တင်ပြဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့သည်။

အဆိုပါ (၂၀၂၄-၂၀၂၅) ပညာသင်နှစ် ကျောင်းကျန်းမာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင်ခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်းသို့ ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာ၊ ဆရာမ ၇၀ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)