ညောင်‌ရွှေမြို့နယ် မိုင်းသောက်ကျေးရွာ ရောင်ခြည်ဦးစာကြည့်တိုက်၌ စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးရေး ဆွေးနွေးပွဲပြုလုပ်

ညောင်ရွှေ ဖေဖော်ဝါရီ ၁၄

ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ရေရှည်ခိုင်မာစေရန်အတွက် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုး‌ရေးဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် မိုင်းသောက်ကျေးရွာ ရောင်ခြည်ဦးစာကြည့်တိုက်၌ ပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်းက အမှာစကားပြောကြားပြီး ရှမ်းပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်မေမေနီက စာကြည့်တိုက်များ ရှင်သန်ဖြစ်ထွန်းအောင်မြင်စေရေးအတွက် ဖောင်ဒေးရှင်းမှ ကူညီဆောင်ရွက်ပေးနေမှုများ၊ ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များကို ဆွေးနွေးရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ် ဦးစီးအရာရှိ ဦးနေမျိုးသူရိန်က ဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း၊ မြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များအခြေအနေနှင့် ဌာနမှကူညီဆောင်ရွက်ပေးမည့်လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီးနောက် တက်ရောက်လာသည့် မိုင်းသောက်ကျေးရွာ ရောင်ခြည်ဦးစာကြည့်တိုက်ကော်မတီဝင်များ၊ လဲဦးအင်းကျေးရွာ ရောင်ခြည်ဦးစာကြည့်တိုက် ကော်မတီဝင်များနှင့် ညောင်ရွှေမြို့ စဝ်စံထွန်းစာကြည့်တိုက် တာဝန်ရှိသူများက အသီးသီးဆွေးနွေးတင်ပြခဲ့ကြသည်။

ဆွေးနွေးပွဲအပြီးတွင် ရှမ်းပြည်နယ် စာကြည့်တိုက်များ‌ဖောင်ဒေးရှင်းနာယက ဒေါက်တာ အောင်ကျော်နှင့် အလှူရှင်များက တက်ရောက်လာကြသည့် စာကြည့်တိုက်များအတွက် စာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

စိုင်းအယ်ဘဲ