ညောင်ရွှေ ဖေဖော်ဝါရီ ၁၄
ကျောင်းသားလူငယ်လေးများ စာပေနှင့်ရင်းနှီးကျွမ်းဝင်မှုရှိလာစေရန်၊ စာဖတ်ခြင်းအလေ့အထကောင်းများဖြစ်ပေါ်လာစေရန်နှင့် အသိပညာဗဟုသုတတိုးပွားလာစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီခွဲက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်းက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ဦးစီးအရာရှိ ဦးနေမျိုးသူရိန်က ဟောပြောပွဲပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စာရေးဆရာသက်ဝင်းက “ပညာရေးနှင့်အခွင့်အလမ်း”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာမ ငွေခြည်လင်းလက်က “ကြိုးစားကြပါစို့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါက်တာအောင်ကျော်(သွား/ဆရာဝန်)က “အမှတ်တရဇာတိမြေ”ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြပြီးနောက် ကျောင်းသား/ကျောင်းသူလေးများ၏ သိရှိလိုသည်များကို မေးမြန်းချက်များအပေါ် စာရေးဆရာ/ဆရာမများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ