ဒေါပုံမြို့နယ်တွင် ဒေါပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အပျော်တမ်းဖူဆယ်ပြိုင်ပွဲနှင့် အလယ်တန်းကျောင်းပေါင်းစုံဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲများကျင်းပ

ဒေါပုံ ဖေဖော်ဝါရီ ၁၄

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဒေါပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလားအပျော်တမ်းဖူဆယ်ပြိုင်ပွဲနှင့် အလယ်တန်းကျောင်းပေါင်းစုံဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲများကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဖူဆယ်ပြိုင်ပွဲများသို့ အပျော်တမ်းဖူဆယ်ပြိုင်ပွဲစဉ်တွင် အသင်း(၈)သင်းနှင့် အလယ်တန်းကျောင်း ပေါင်းစုံဖူဆယ်ပြိုင်ပွဲစဉ်တွင် အသင်း(၅)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြခြင်း ဖြစ်သည်။ ထိုသို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ အပျော်တမ်းဖူဆယ်ပြိုင်ပွဲတွင် ပထမဆုကို Avengers အသင်းနှင့် ဒုတိယဆုကို သဒ္ဒါရုံအသင်းတို့က ရရှိခဲ့ကြပြီး အလယ်တန်းကျောင်း ပေါင်းစုံဖူဆယ်ပြိုင်ပွဲတွင် ပထမဆုကို အ.လ.က(၂)အသင်း၊ ဒုတိယဆုကို အ.လ.က(၄)အသင်း၊ တတိယဆုကို အ.လ.က(၃)အသင်းနှင့် နှစ်သိမ့်ဆုကို ရွှေယမုံကိုယ်ပိုင်အလယ်တန်းကျောင်းအသင်းတို့က အသီးသီး ရရှိခဲ့ပါသည်။

အဆိုပါ (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဒေါပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အပျော်တမ်းဖူဆယ်ပြိုင်ပွဲနှင့် အလယ်တန်းကျောင်းပေါင်းစုံဖူဆယ်ပြိုင်ပွဲတွင် ဆုများအသီးသီးရရှိခဲ့ကြသည့် အသင်းများအား ဒေါပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးထက်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆုများကို ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)