လှိုင်သာယာ(အရှေ့ပိုင်း) ဖေဖော်ဝါရီ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ပြည်သူများအပန်းဖြေပျော်ရွှင်နိုင်စေရန် တေးဂီတဖျော်ဖြေပွဲနှင့် ဈေးရောင်းပွဲတော်တို့ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ(၈)ရက်နေ့မှ ဖေဖော်ဝါရီ(၁၂)ရက်နေ့အထိ (၅)ရက်တိုင်တိုင် ဘုရင့်နောင်တိုးချဲ့ပန်းခြံတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။
ဈေးရောင်းပွဲတော်တွင် ရွှေလင်ပန်းကျေးရွာအ.ထ.က(၁၄)မှ ကျောင်းသား/ကျောင်းသူလေးများက (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် “ဒုံးယိမ်း”အကသီချင်းဖြင့်လည်းကောင်း၊ “ဂျိန်းဖော”အကသီချင်းဖြင့်လည်းကောင်း၊ “စည်းလုံးခြင်းအတွက်သီချင်းတစ်ပုဒ်”သီချင်းဖြင့်လည်းကောင်း စသည့်တေးသီချင်းသရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေတင်ဆက်သည်။ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ဘော်နှင့်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သူဇာသိမ့်တို့ကဖျော်ဖြေခဲ့ကြသော ကျောင်းသား/ကျောင်းသူလေးများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါဈေးပွဲတော်တွင် အပျော်စီးလှေ၊ ပျော့ပျော့အိအိကလေးကစားကွင်းများ၊ ချားရဟတ်စီးခြင်းများ၊ အပျော်တမ်းမြှားပစ်ခြင်းများ၊ တာယာကွင်းဘောလုံး၊ သားရေကွင်းပစ်ခြင်း၊ ကလေးကစားစရာအရုပ်ဆိုင်များ၊ ထမနဲ၊ ရေမုန့်၊ ဘူးသီးကြော်၊ အကင်စုံ၊ ထိုးမုန့်၊ မစ်ရှိတ်၊ ကောက်ညှင်းကျည်တောက်ဆိုင်များ၊ မျက်လှည့်၊ နိုင်ငံကျော်အကယ်ဒမီရုပ်ရှင်နှင့်သရုပ်ဆောင်များ၊ တေးသံရှင်အနုပညာရှင်များ၏ဖျော်ဖြေတင်ဆက်ခြင်းတို့ဖြင့် အထူးစည်ကားသည်။ စားအုံးဆီ(၅)လီတာဗူးပါ(၁)ဗူး(၂၃၅၀၀)ဖြင့် ဗူးပေါင်း(၄၀၀)ကျော် ရောင်းချပေးလျက်ရှိသည်။ တေးဂီတဖျော်ဖြေပွဲနှင့်ဈေးရောင်းပွဲတော်တို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအော်ဘော်နှင့်အဖွဲ့၀င်များ၊ တာဝန်ရှိသူများက မီးရှုးမီးပန်းအလှများ ပစ်ဖောက်ခြင်းဖြင့် အထူးစည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သသိရသည်။
ခင်၀င်းမူ(ပြန်/ဆက်)