ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (၃၄)နှစ်မြောက် ဌာနနှစ်ပတ်လည် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲကျင်းပ

မန္တလေး ဖေဖော်ဝါရီ ၁၄

မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (၃၄)နှစ်မြောက်ဌာနနှစ်ပတ်လည် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မန္တလေးမြို့ ၈၃လမ်း၊ ၂၀×၂၁လမ်းကြားရှိ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုးက ထပ်ဆင့်ရှင်းလင်းပွဲတွင် တိုင်းအတွင်းရှိဝန်ထမ်းများ ၂၀၂၄ ခုနှစ်က လုပ်ဆောင်ချက်အားသာချက်၊ အားနည်းချက်များကို လေ့လာအတုယူပြီး၊ ၂၀၂၅ခုနှစ်တွင် ကြိုးစား၍လုပ်ငန်းများ လုပ်ဆောင်စေလိုကြောင်း၊ ဌာနနှစ်ပတ်လည်ပွဲတွင် ဆုရရှိသည့်အပေါ် ရှင်းလင်းပြောကြားခြင်း၊ လုပ်ငန်းများအပေါ် အားနည်းချက်မရှိအောင် ဆောင်ရွက်စေလို ကြောင်း၊ ဆက်လက်လုပ်ကိုင်မည့် လုပ်ငန်းများအပေါ် ကြိုးစားအားထုတ် လုပ်ကိုင်စေလို ကြောင်း အစရှိသည်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးအတွင်း Neyer Stop Learning Campaign စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ဆုရရှိသူများကို ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုးက ဂုဏ်ပြုချီးမြှင့်ခဲ့ခြင်း၊ ဦးစီးဌာန (ရုံးချုပ်)မှ ပေးအပ်သည့်ထောက်ပံ့ငွေများနှင့် ဓာတ်ပုံထူးချွန်ဆု ရရှိခဲ့ကြသူများကို ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ပြီး၊ မြို့နယ်ဦးစီးမှူးများက လုပ်ငန်းဆောင်ရွက်မှုများအား ဆွေးနွေးတင်ပြပြီး၊ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။ အဆိုပါ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်ရုံးများမှ အရာထမ်း၊ အမှုထမ်း၊ ဝန်ထမ်းများမှ zoom meeting ဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။

 ဇာနည်ကိုကို(ပြန်/ဆက်)