မန္တလေးမြို့ အမှတ်(၂)မူလတန်းကြို ကျောင်း၌ မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ်ပွဲကျင်းပ

မဟာအောင်မြေ ဖေဖော်ဝါရီ ၁၄

မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးမှူးရုံး ကြီးကြပ်မှုအောက်ရှိ၊ အမှတ်(၂)မူလတန်းကြိုကျောင်းတွင် ဖေဖော်ဝါရီ ၁၃ ရက်နေ့က မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ်ပွဲ ကျင်းပခဲ့သည်။

မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးမှူးရုံး ကြီးကြပ်မှုအောက်ရှိ၊ အမှတ်(၂)မူလတန်းကြိုကျောင်းအနေဖြင့် သားငယ်၊သမီးငယ်လေးများအား မိမိကိုယ်ကို ယုံကြည်မှုရှိစေရန်၊ စုပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စိတ်ဓာတ်၊ကာယ၊ဉာဏ၊စာရိတ္တ၊ လူမှုဆက်ဆံရေး၊ စိတ်လှုပ်ရှားခံစားမှုစသည့် အတွေ့အကြုံကောင်းများရရှိစေရန် နှစ်စဉ် မြန်မာနိုင်ငံကလေးများနေ့အထိမ်း အမှတ်ပွဲနှင့်အခြား ကာယ၊ဉာဏစွမ်းရည်ပြိုင်ပွဲများကိုလည်း ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်းသိရပြီး သားငယ်သမီးငယ်လေးများအား အမှတ်(၂)မူလတန်းကြိုကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါခင်မျိုးကြွယ်နှင့် ဆရာ၊ ဆရာမများဦးစီး၍ ဘုရားပို့ခြင်း၊ အာဟာရ ကြက်သားဒံပေါက်ကျွေးမွေးခြင်း၊ ပဒေသာအကအလှများဖြင့် ကပြဖျော်ဖြေခြင်၊ အားကစားပြိုင်ပွဲများပြုလုပ်ခြင်း၊ အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ်ပွဲကို အမှတ်(၂)မူလတန်းကြိုကျောင်း ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ သားငယ်၊ သမီးလေးများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း