ကွမ်းခြံကုန်း ဖေဖော်ဝါရီ ၁၃
၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြိုင်ပွဲ ရပ်ကွက်/ကျေးရွာအုပ်စုအမျိုးသားအလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့်ဆုပေးပွဲ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် အောင်ဆန်းသူရိယလှသောင်းအားကစားကွင်း၌ ယမန်နေ့နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ယနေ့အခမ်းအနားတွင် တတိယဆုကို တောကျောင်းကျေးရွာအသင်းနှင့် မြို့မပိုင်းရပ်ကွက်အသင်းယှဉ်ပြိုင်ကစားရာ မြို့မပိုင်းအသင်းကတတိယဆုရရှိ၍သော်လည်းကောင်း၊ ပထမဆုနှင့်ဒုတိယဆုကို မန်းကလိပ်ကျေးရွာအသင်းနှင့် စံပြရပ်ကွက်အသင်းတို့ယှဉ်ပြိုင်ကစားရာ မန်းကလိပ်ကျေးရွာအသင်းမှ ပထမဆုကိုလည်းကောင်း ဒုတိယဆုကိုစံပြရပ်ကွက်အသင်းက အသီးသီးဆုများရရှိပါသည်။
ဆက်လက်၍ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့်ကွာတာရှုံးထွက်ပြိုင်ပွဲတွင် အနိုင်ရရှိသောအသင်းနှင့်ရှုံးထွက်အသင်းအားများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲဝင်(၁)ဗိုလ်မှူးပြည့်စုံစိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်နိုင်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ငွေသားဆုအား အသီးသီးဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးပြည့်စုံစိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အားကစားမှူးဒေါ်သက်ဖြိုးနိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်အားကစားကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်ပြည်သူများ၊ အားကစားပြိုင်ပွဲဝင်များတက်ရောက်ကြောင်း သိရသည်။
ဆွေနွယ်(ပြန်/ဆက်)