မြင်းခြံ ဖေဖော်ဝါရီ ၁၃
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ယမန်နေ့ကျရောက်သည့် (၇၈) နှစ်မြောက်ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင် အခမ်းအနားကို ယမန်နေ့နံနက် ၅ နာရီခွဲအချိန်က မြင်းခြံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နိုင်ငံတော်အလံတင် အခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဂုဏ်ပြုတပ်ဖွဲ့မှ ပြည်ထောင် စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်အလံလွှင့်တင်ခဲ့ပြီး နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းတို့အား အလေးပြုခဲ့ကြသည်။
အဆိုပါ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နိုင်ငံတော်အလံတင် အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးစောလွင်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)