အမရပူရမြို့နယ်တွင် မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြခြင်း ဆောင်ရွက်

အမရပူရ ဖေဖော်ဝါရီ ၁၃

ပူပြင်းခြောက်သွေ့သော ရာသီရောက်ရှိလာပါသဖြင့် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး၏ လမ်းညွန်မှုဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးအသိပညာပေးနှင့် လက်တွေ့သရုပ်ပြခြင်းလုပ်ငန်းကို ယမန်နေ့က နံနက် ၁၀ နာရီအချိန်က အမရပူရမြို့နယ် မှန်တန်းရပ်ကွက်ရှိ မြန်မာ့သစ်လုပ်ငန်း ၁၀၃ သစ်စက်တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ မီးဘေးအသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းကို အမရပူရမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးထွန်းနေနွယ် ဦးဆောင်၍ သန္ဓေ ၃ ဦးဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)