မြင်းခြံမြို့ ၌ (၂၃) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ သံဃာဒါန ဆွမ်းသပိတ်လုံး လောင်းလှူ

မြင်းခြံ ဖေဖော်ဝါရီ ၁၃

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ မင်းကျောင်းတိုက်အတွင်းရှိ ဆန္ဒတော်ပြည့်ဘုရား၌ (၂၃) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ သံဃာဒါန ဆွမ်းသပိတ်လုံးလောင်းလှူပွဲကို ယ‌မန်နေ့နံနက် ၈ နာရီခွဲတွင် စတင်လောင်းလှူခဲ့ကြောင်း သိရသည်။

(၂၃) ကြိမ်မြောက် မြို့နယ်လုံးကျွတ်ဆိုင်ရာ သံဃာဒါန ဆွမ်းသပိတ်လုံး လောင်းလှူခြင်းအား မြင်းခြံမြို့ပေါ်ရပ်ကွက်များရှိ ဆရာတော်၊ သံဃာတော်အပါး (၁၅၀၀) အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးစောလွင်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်ပေါင်း (၂၀)မှ အလှူရှင်များက  လောင်းလှူခဲ့ကြကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)