ဆံတော်ရှင်ဆူးလေစေတီတော်၌ ဘုရားဖူးလာပြည်သူများအား ထမနဲစတုဒီသာ ဝေငှလှူဒါန်း

ကျောက်တံတား ဖေဖော်ဝါရီ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်ရှိ ဆံတော်ရှင်ဆူးလေစေတီတော်၌ တပိုတွဲလပြည့်နေ့ ယမန်နေ့နံနက်ပိုင်းက ဘုရားဖူးလာပြည်သူများအား ထမနစတုဒီသာ ဝေငှလှူဒါန်းခဲ့ကြသည်။

အဆိုပါထမနဲပွဲကို ဆံတော်ရှင်ဆူးလေစေတီတော်၌ တပိုတွဲလပြည့်နေ့အထိမ်းအမှတ်အဖြစ် ထမနဲဒယ်‌ပေါင်း(၅၀)ကိုထိုးခဲ့ကြပြီး သြဝါဒါစရိယဆရာတော်ကြီး(၉)ပါးကျောင်း၊ ဘုရားစေတီကျောင်းများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဘုရားဖူးပြည်သူများကို ဝေငှလှူဒါန်းခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ထမနဲစတုဒီသာ ဝေငှလှူဒါန်းခြင်းကို ဆူးလေဘုရားဂေါပကအဖွဲ့နှင့်ရုံးအဖွဲ့က ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး ဘုရားဖူးပြည်သူများစွာကို ဝေငှလှူဒါန်းပေးနိုင်ခဲ့ကြကြောင်း သိရသည်။

ကျောက်တံတား (ပြန်/ဆက်)