အလုံ ဖေဖော်ဝါရီ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ဟားခါးပညာရေးဒီဂရီကောလိပ်မှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ချင်းရိုးရာဝတ်စားဆင်ယင်မှုပြိုင်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဟားခါးပညာရေးဒီဂရီကောလိပ် (အ.ထ.က - ၃)၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးဇော်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောင်းအုပ်ကြီးဒေါ်ချောစုစုမောင်ကကျေးဇူးတင်စကား ပြောကြားခြင်း၊ ကျောင်းသား/သူများက အကအလှများဖြင့်ဖျော်ဖြေခဲ့ကြပြီး ချင်းရိုးရာဝတ်စားဆင်ယင်မှုယှဥ်ပြိုင်ခဲ့ကြရာ တာ၀န်ရှိသူများက ဆုရရှိသူများအား ဆုများအသီးသီး ချီးမြှင့်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့၀င်(၁)ဒုတိယဗိုလ်မှူးကြီးဇော်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးရဲကိုကိုနှင့်အဖွဲ့ဝင်များ၊ ဟားခါးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်ဖိတ်ကြားထားသည့် ဧည့်သည်တော်များ စုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။
ယောဧရာ(မြို့နယ်ပြန်/ဆက်)