လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

လှိုင်သာယာ(အရှေ့ပိုင်း)  ဖေဖော်ဝါရီ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အမှတ်(၂)ရပ်ကွက်တွင် လူငယ်များ အသိပညာဗဟုသုတများရရှိစေရန်နှင့် စာအုပ်စာပေများဖတ်ရှု၍ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နေ့လယ်(၁)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဘော်မှ အဖွင့်အမှာစကားပြောကြားပြီး လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝင်းမူက ရှင်းလင်းပြောကြားသည်။ လူငယ်စကားဝိုင်းတွင် Grade 10(A)မှ မရည်မွန်တင်အေးက လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့် လည်းကောင်း၊ မဇွန်နှင်းအိက လူငယ်နှင့်ကျန်းမာရေးကိုလည်းကောင်း၊ မောင်ရွှိုင်းလင်းထွဋ်က လူငယ်နှင့်ပညာရေးခေါင်းစဉ်ဖြင့် လည်းကောင်း၊ မကြယ်စင်သွန်းက လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်မိုးထက်မြက်က လူငယ်နှင့်နည်းပညာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade 10(C)မှ မောင်ထက်ပိုင်ကျော်က လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဆွေးနွေးကြပြီး တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူလေးများက မိမိတို့သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေးသူ ဦးစီးအရာရှိက ရှင်းလင်းပြောကြားသည်။

အဆိုပါ စကားဝိုင်းတွင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာ‌ပေး နံရံကပ်စာစောင်များနှင့်သုတ၊ ရသစာအုပ်များကို ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်သူဇာသိမ့်နှင့်အဖွဲ့၀င်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့များ၊ အမှတ်(၂)ရပ်ကွက် အုပ်ချုပ်‌ရေးမှူးနှင့်အဖွဲ့၀င်များ၊ မြို့နယ်ပညာ‌ရေးရုံးမှ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ(၁၇၀)ဦး တက်ရောက်ခဲ့သည်။

ခင်ဝင်းမူ(ပြန်/ဆက်)