မန္တလေး ဖေဖော်ဝါရီ ၁၂
မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်၊ ဝန်ထမ်းအချင်းချင်းစည်းလုံးညီညွတ်စွာ အတူတကွပူးပေါင်းဆောင်ရွက်တတ်စေရန်နှင့် တစ်ဦးနှင့်တစ်ဦးဖေးမကူညီစိတ်များရှိစေရန် ရည်ရွယ်ချက်များဖြင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့်ကွက်ကဲမှုအောက်တပ်ရင်းများ၏ (၅၃)ကြိမ်မြောက် တပို့တွဲလမြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့ညနေပိုင်းက တိုင်းစစ်ဌာနချုပ်ရှိ စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် ကျော်ကိုထိုက်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ အမှတ်ပေးဒိုင်လူကြီးများ၊ တပ်ရင်း/တပ်ဖွဲ့မှူးများ၊ အရာရှိစစ်သည်မိသားစုဝင်များနှင့်ပြိုင်ပွဲဝင်အသင်းများ စုံလင်စွာတက်ရောက်ကြသည်။
ရှေးဦးစွာ ထမနဲထိုးပြိုင်ပွဲအခမ်းအနားကို စတင်ကြောင်းကြေညာပြီး ပြိုင်ပွဲဝင်အသင်းများက သတ်မှတ်နေရာအသီးသီးတွင် အသင်းလိုက်စည်းစည်းလုံးလုံး၊ တက်ညီလက်ညီဖြင့် တပျော်တပါး ထမနဲထိုးယှဉ်ပြိုင်ကြရာ လာရောက်အားပေးကြသည့် ဧည့်ပရိတ်သတ်များကလည်း အိုးစည်ဗုံမောင်းတို့ဖြင့် တီးမှုတ်ဖျော်ဖြေအားပေးကြသည်။
ထိုသို့ ယှဉ်ပြိုင်နေမှုများကို တိုင်းမှူးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးသည်။ ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ ဆုရရှိသောအသင်းများကို တိုင်းမှူးနှင့်တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါ ထမနဲထိုးပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ်နှင့် ကွက်ကဲမှုအောက်တပ်ရင်းများမှ ပြိုင်ပွဲဝင်အသင်း(၂၂)သင်း ပါဝင်ယှဉ်ပြိုင်ကြကြောင်း သတင်းရရှိသည်။
မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)