တောင်ဥက္ကလာပမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

တောင်ဥက္ကလာပ ဖေဖော်ဝါရီ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့  ၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၁)နာရီခွဲအချိန်က ပဒေသာအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဋ္ဌေးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။    ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဋ္ဌေးအောင်မှ စစ်တုရင်အလွတ်တန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော အားကစားသမားများအား ဆုဖလားနှင့်‌‌‌ ငွေသားဆုကျပ်(၁၀)သိန်း၊ ကျပ်(၆)သိန်းနှင့် ကျပ်(၄)သိန်း၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းမှ စတုတ္ထ၊ ပဉ္စမဆုရရှိသော အားကစားသမားများအား ငွေသားဆုကျပ်(၂)သိန်းနှင့် ကျပ်(၁)သိန်းခွဲ၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်လူငယ်ရေးရာ အထောက်အကူပြုလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦးက ဆဋ္ဌမဆုမှ ဒသမဆုရရှိ‌သော အားကစားသမား(၅)ဦးအား ငွေသားဆုကျပ်(၁)သိန်းစီ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ထူးအောင်နှင့် တောင်ဥက္ကလာပမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးတို့က အလွတ်တန်းအဆင့် ဆုရရှိသော အားကစားသမားများအား ငွေသားဆု ကျပ်(၅)သောင်းစီ၊ ရန်ကုန်တိုင်းဒေသကြီး စစ်တုရင်ကော်မတီဥက္ကဋ္ဌက စစ်တုရင်(U-18)ပြိုင်ပွဲတွင် ပထမဆုရရှိသော အားကစားသမားအား ဆုတံဆိပ်နှင့် ငွေသားကျပ်(၁)သိန်း၊ ဒုတိယဆုအား ဆုတံဆိပ်နှင့် ငွေသားကျပ်(၇၀၀၀၀)၊ တတိယဆုရရှိသူအား ဆုတံဆိပ်နှင့် ငွေသား ကျပ်(၅၀၀၀၀)အသီးသီး ပေးအပ်ချီးမြှင့်ခဲ့‌ကြောင်း သိရသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးဋ္ဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်လူငယ်ရေးရာ အထောက်အကူပြုလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ တောင်ဥက္ကလာပမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့် တာဝန်ရှိသူများ၊ စစ်တုရင်ပြိုင်ပွဲဝင်အားကစားသမားများ၊ ဧည့်ပရိသတ်များ တက်‌ရောက်ခဲ့‌ကြောင်း သတင်းရရှိသည်။

သီတာအေး(ပြန်/ဆက်)