မန္တလေး ဖေဖော်ဝါရီ ၁၂
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သမဝါယမကောလိပ်(မန္တလေး) ကျောင်းသားကျောင်းသူများ၊ ထမနဲထိုးပြိုင်ပွဲကျင်းပခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီက အဆိုပါကောလိပ်၌ ကျင်းပသည်။
ရိုးရာထမနဲထိုးပြိုင်ပွဲသို့ သမဝါယမကောလိပ်(မန္တလေး)ကျောင်းအုပ်ကြီး ဒေါက်တာတင်မူအေး၊ ဒုတိယကျောင်းအုပ်ကြီး ဦးတင်မြင့်၊ ဆရာဆရာမ အကဲဖြတ်ဒိုင်အဖွဲ့များက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။ အဆိုပါပြိုင်ပွဲတွင် ဘာသာရပ်အလိုက်တန်းခွဲ ၄ ခုမှ ကျောင်းသား ကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့်အဖွဲ့အား ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇာနည်ကိုကို