ကျိုက်ထို ဖေဖော်ဝါရီ ၁၁
မွန်ပြည်နယ် ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် (၁၂၀) ကြိမ်မြောက် ကျိုက်ထို၊ သထုံ၊ ဘီးလင်း၊ ပေါင် (၄) မြို့နယ် ရွှေကျင်နိကာယနယာဓိကပရိယတ္တိစာတော်ပြန်ဖြေပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က တောင်သူစုရပ်ကွက် မဟာမေဃဝန်ပရိယတ္တိစာသင်တိုက်၌ ကျင်းပခဲ့သည်။
ဦးစွာကြွရောက်လာသည့် ဆရာတော်ကြီးများနှင့် စာတော်ပြန်လာရောက်ဖြေဆိုသည့် ရဟန်းသံဃာများနှင့် ကိုရင်များအား နေ့ဆွမ်းဆက်ကပ်ခဲ့သည်။
ယင်းနောက် ရဟန်း (၇၁) ပါးနှင့် ကိုရင် (၂၂၆) ပါးတို့အား ဆရာတော်ကြီးများက ဘိက္ခူဖြူ၊ ဘိက္ခူနီ၊ ဥဒ္ဓသိက္ခာ (ပ)(ဒု)၊ မူလသိက္ခာ၊ ဘိက္ခူနိဿဂ္ဂိ၊ ဘိက္ခူအနိပသာ၊ ရှင်ကျင့်ဝတ်၊ ပရိတ်ကြီး၊ အစရှိသည်တို့ကိုဖြေဆိုစေခဲ့ရာ ရဟန်းတော်များနှင့်ကိုရင်များက အာဂုံဆောင်ဖြေဆိုခဲ့ကြသည်။
အဆိုပါစာတော်ပြန်ဖြေဆိုပွဲအား တပို့တွဲလဆန်း ၁၂ ရက်မှ တပို့တွဲလပြည့်ကျော် (၁) ရက်နေ့ထိ မွန်းလွဲ (၁) နာရီမှ ညနေ (၄) နာရီထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)