ပြည်ကြီးတံခွန်မြို့နယ်၊ အ.ထ.က(ခွဲ)လ-၂၅ကျောင်းတွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် အသိပညာပေး သတင်းစကားလက်ကမ်း စာစောင်များဖြန့်ဝေ

ပြည်ကြီးတံခွန် ဖေဖော်ဝါရီ  ၁၁

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အ.ထ.က(ခွဲ)လ-၂၅ကျောင်းတွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် အသိပညာပေးသတင်းစကားလက်ကမ်း စာစောင်ဖြန့်ဝေခြင်းကို ယနေ့မွန်းလွဲ ၁ နာရီက အဆိုပါ အ.ထ.က (ခွဲ)လ-၂၅ ကျောင်းခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် အ.ထ.က(ခွဲ)လ-၂၅ကျောင်းရှိ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာသိင်္ဂီဌေးက ကျောင်းသား/ ကျောင်းသူများအား ပြည်‌ထောင်စုစိတ်ဓာတ်နှင့် မျိုးချစ်စိတ်ဓာတ်များ ထားရှိမွေးမြူကြရန်နှင့် ပြည်ထောင်စုနေ့အကြောင်းသိကောင်းစရာများကို စိတ်ဝင်စားစွာ လေ့လာမှတ်သားကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ မန္တ‌လေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စောလွင်က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြန်မာနိုင်ငံ၏ သမိုင်းဝင်နေ့ထူး နေ့မြတ်များအကြောင်းကို သိရှိစေရန်၊ အစဉ်အလေးထားရမည့် ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများကို အကျယ်တဝင့် ဟောပြောပေးသည်။

ထို့နောက် အသိပညာပေးဟောပြောပွဲသို့ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ အ.ထ.က(ခွဲ)လ-၂၅ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး (၇၈)နှစ်မြာက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်