ကျောက်တန်း ဖေဖော်ဝါရီ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ရွှေပင်(အ.မ.က) ကျောင်းတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်းက အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများဖြစ်သော မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးရရှိအောင် ဆောင်ရွက်ခဲ့ရာတွင် ပြည်ထောင်စုနေ့သည် တိုင်းရင်းသားတို့၏ စည်လုံးညီညွတ်မှုကို နယ်ချဲ့တို့အား ပြသနိုင်သည့် ပင်လုံစာချုပ်ဖြစ်ပေါ်လာပုံအကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးဟောပြောသည်။
ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသ စာအုပ်များအား ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုကြကြောင်း သိရသည်။
နေလင်းကျော် (ပြန်/ဆက်)