အ.ထ.က (စဉ့်ကိုင်)၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်(အကြို) ဟောပြောပွဲနှင့် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

စဉ့်ကိုင် ဖေဖော်ဝါရီ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲနှင့် သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို အ.ထ.က (စဉ့်ကိုင်)၌ ယနေ့မွန်းလွဲ ၁နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ အ.ထ.က(စဉ့်ကိုင်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းဆီက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စန္ဒာအေးအောင်က ဟောပြောပွဲကျင်းပရခြင်းရည်ရွယ်ချက်များနှင့် ပြည်ထောင်စုနေ့ ပေါ်ပေါက်လာပုံသမိုင်းကြောင်းများ၊ ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြသူများ၊ ၂၀၂၅ ခုနှစ် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဦးတည်ချက်များ စသည့် အကြောင်းအရာများကို ဆွေးနွေးဟော‌ပြော ခဲ့သည်။

ထို့နောက် ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (အခမဲ့) ထုတ်ဝေသော (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျော်စွာ(စဉ့်ကိုင်)(၃၉၉)